ကူညီရာအကြောင်း
ကူညီရာသည် ထိုင်းနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနများ၏ ဥပဒေ၊ နည်းဥပဒေများ၊ ထုတ်ပြန်ချက်များကို သေချာစွာလေ့လာ၍ နားလည်တတ်ကျွမ်းသော ပညာရှင်များဖြင့် ဖွဲ့စည်းထားသော ဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်ပါသည်။
ထိုင်းနိုင်ငံမှာ တရားဝင် နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ရရှိရန် ကြိုးပမ်းနေကြရသည့် မြန်မာရွှေ့ပြောင်းနိုင်ငံသားများနှင့် အလုပ်သမားများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ကျွန်ုပ်တို့ နားလည်ပါသည်။
ကူညီရာသည် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာလာကြသော မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်နှင့် ဗီဇာလုပ်ငန်းစဉ်များအကြား လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် စဉ်ဆက်မပြတ်ကြိုးပမ်းလျှက်ရှိပါသည်။