Tourist Visa 2 Month (Single)

Visa လျှောက်ရန် လိုအပ်ချက်များ

မှတ်ပုံတင် (မိတ္တူ)

လျှောက်ထားမည့်သူသည် သက် (၁၈) နှစ်အောက်ရှိသူဖြစ်ပါက မွေးစာရင်း (မူရင်း)

အိမ်ထောင်စုစာရင်း (မိတ္တူ)

လျှောက်ထားမည့်သူသည် အသက် (၁၈) နှစ်အောက်ရှိသူဖြစ်ပါက ဘဏ်စာရင်းတွဲပြရမည့် မိဘနှင့် အိမ်ထောင်စု တူရမည်

ဘဏ်စာအုပ် (မူရင်း)

တစ်ဦးစီအတွက် ငွေကျပ်သိန်းနှစ်ဆယ်နဲ့ အထက်ရှိရမည်

နောက်ဆုံး Update လုပ်ထားရန် လိုအပ်ပါသည်။

လျှောက်ထားမည့်သူသည် အသက် (၁၈) နှစ်အောက်ရှိသူဖြစ်ပါက ဘဏ်စာရင်းတွဲပြရမည့် မိဘတစ်ဦး၏ဘဏ်အကောင့်တွင် တစ်ဦးစီအတွက် သိန်းနှစ်ဆယ်နဲ့ အထက်ထည့်ထားရမည်။

ဥပမာ - ကလေးတစ်ယောက်စာအတွက်သာ လျှောက်ထားလိုပါက မိဘတစ်ဦး၏ ဘဏ်အကောင့်တွင် သိန်းနှစ်ဆယ်

မိဘတစ်ဦးနှင့် အတူတကွ လျှောက်ထားလိုပါက မိဘတစ်ဦး + ‌ကလေး = သိန်းလေးဆယ်

မှတ်ချက် - အသက် (၁၈) နှစ်အထက် ရှိသူတိုင်း အမည်ပေါက် ကိုယ်ပိုင် ဘဏ်အကောင့် ပြရမည်။ ပူးတွဲ (Joint) အကောင့်များမရပါ။

Bank Statement

ဗီဇာလျှောက်ထားမည့်ရက် မတိုင်ခင် လေးရက်အတွင်း ထုတ်ပေးရမည်။

Bank Statement တွင် ဘဏ်တာဝန်ရှိသူတစ်ဦးဦး၏ လက်မှတ်၊ အပေါ် + အောက်ခြေတွင် ဘဏ် တံဆိပ်တုံး ပါဝင်စေရန် သတိပြုပါ။

Passport (မူရင်း)

အနည်းဆုံး (၆) လ သက်တမ်းကျန်ရှိရမည်။

ဓါတ်ပုံ (နှစ်ပုံ)

Passport Size or 3.5 x 4.5 Cm

Visa လျှောက်ထားရန်

2 Month Tourist Visa (Single)